ဆုတောင်း
Unicode ဆုတောင်း (၁)သူယုတ်မာတို့နဲ့ဝေးပါစေ လို့ ဆုတောင်းမဲ့အစား ကိုယ်နဲ့ဆုံဆည်းသမျှလူတိုင်း စိတ်ကောင်းနှလုံးကောင်းတွေမွေးဖွား ကိန်းအောင်းနိုင်ပါစေ လို့ ဆုတောင်းပါတယ်။ (၂) ကိုယ့်အပေါ် ဟန်ဆောင်တတ်တဲ့သူတွေနဲ့ ဝေးပါစေ လို့ ဆုတောင်းမဲ့အစား ကိုယ်နဲ့ဆုံဆည်းသမျှလူတိုင်း ရိုးသားဖြူစင်မှုရှိပါစေ လို့ ဆုတောင်းပါတယ်။ (၃)ကောက်ကျစ်တတ်တဲ့သူတွေနဲ့ ဝေးပါစေလို့ ဆုတောင်းမဲ့အစား ကိုယ်နဲ့ဆုံဆည်းသမျှလူတိုင်း စိတ်သဘောထားပြည့်ဝပါစေ လို့ ဆုတောင်းပါတယ်။ (၄)အတွေးအခေါ်တိမ်လွန်းတဲ့သူတွေနဲ့ ဝေးပါစေ လို့ဆုတောင်းမဲ့အစား ကိုယ်နဲ့ဆုံဆည်းသမျှလူတိုင်း ဆင်ခြင်တုံတရားတွေနဲ့ပြည့်စုံပါစေ လို့ ဆုတောင်းပါတယ်။ (၅)တစ်ကိုယ်ကောင်းဆန်လွန်းသူတွေနဲ့ ဝေးပါစေလို့ဆုတောင်းမဲ့အစား ကိုယ်နဲ့ဆုံဆည်းသမျှလူတိုင်း သူ့ဖို့ကိုယ့်ဖို့ကြည့်တတ်သူတွေသာဖြစ်ပါစေ လို့ဆုတောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်နဲ့ဆုံဆည်းရတ...
Comments
Post a Comment