ဆုတောင်း

 Unicode

ဆုတောင်း

 (၁)သူယုတ်မာတို့နဲ့ဝေးပါစေ လို့

ဆုတောင်းမဲ့အစား

ကိုယ်နဲ့ဆုံဆည်းသမျှလူတိုင်း

စိတ်ကောင်းနှလုံးကောင်းတွေမွေးဖွား


ကိန်းအောင်းနိုင်ပါစေ လို့

ဆုတောင်းပါတယ်။

(၂) ကိုယ့်အပေါ်

ဟန်ဆောင်တတ်တဲ့သူတွေနဲ့

ဝေးပါစေ လို့ ဆုတောင်းမဲ့အစား

ကိုယ်နဲ့ဆုံဆည်းသမျှလူတိုင်း

ရိုးသားဖြူစင်မှုရှိပါစေ လို့

ဆုတောင်းပါတယ်။

 (၃)ကောက်ကျစ်တတ်တဲ့သူတွေနဲ့

ဝေးပါစေလို့ ဆုတောင်းမဲ့အစား

ကိုယ်နဲ့ဆုံဆည်းသမျှလူတိုင်း

စိတ်သဘောထားပြည့်ဝပါစေ လို့

ဆုတောင်းပါတယ်။                             

(၄)အတွေးအခေါ်တိမ်လွန်းတဲ့သူတွေနဲ့

ဝေးပါစေ လို့ဆုတောင်းမဲ့အစား

ကိုယ်နဲ့ဆုံဆည်းသမျှလူတိုင်း

ဆင်ခြင်တုံတရားတွေနဲ့ပြည့်စုံပါစေ လို့

ဆုတောင်းပါတယ်။

(၅)တစ်ကိုယ်ကောင်းဆန်လွန်းသူတွေနဲ့

ဝေးပါစေလို့ဆုတောင်းမဲ့အစား

ကိုယ်နဲ့ဆုံဆည်းသမျှလူတိုင်း

သူ့ဖို့ကိုယ့်ဖို့ကြည့်တတ်သူတွေသာဖြစ်ပါစေ လို့ဆုတောင်းပါတယ်။

                                

ဘာဖြစ်လို့လဲဆိုတော့

ကိုယ်နဲ့ဆုံဆည်းရတဲ့လူတိုင်းအတွက်လည်း ဆုတောင်းပြီးသား

ဖြစ်သွားလို့ပါ၊ 🙏🙏🙏

ဓမ္မမိတ်ဆွေများ စိတ်ကူးတူရင် ဆုတောင်းတူကြရအောင်နော်။ 

မေတ္တာဖြင့်

Credit: ဓမ္မ group - original uploader စာစုမှ idea ရယူပါသည်၊


ဆုေတာင္း

(၁)သူယုတ္မာတို႔နဲ႕ေဝးပါေစ လို႔

ဆုေတာင္းမဲ့အစား

ကိုယ္နဲ႕ဆုံဆည္းသမွ်လူတိုင္း

စိတ္ေကာင္းႏွလုံးေကာင္းေတြေမြးဖြား

ကိန္းေအာင္းနိုင္ပါေစ လို႔

ဆုေတာင္းပါတယ္။

(၂) ကိုယ့္အေပၚ

ဟန္ေဆာင္တတ္တဲ့သူေတြနဲ႕

ေဝးပါေစ လို႔ ဆုေတာင္းမဲ့အစား

ကိုယ္နဲ႕ဆုံဆည္းသမွ်လူတိုင္း

ရိုးသားျဖဴစင္မႈရွိပါေစ လို႔

ဆုေတာင္းပါတယ္။

(၃)ေကာက္က်စ္တတ္တဲ့သူေတြနဲ႕

ေဝးပါေစလို႔ ဆုေတာင္းမဲ့အစား

ကိုယ္နဲ႕ဆုံဆည္းသမွ်လူတိုင္း

စိတ္သေဘာထားျပည့္ဝပါေစ လို႔

ဆုေတာင္းပါတယ္။              

(၄)အေတြးအေခၚတိမ္လြန္းတဲ့သူေတြနဲ႕

ေဝးပါေစ လို႔ဆုေတာင္းမဲ့အစား

ကိုယ္နဲ႕ဆုံဆည္းသမွ်လူတိုင္း

ဆင္ျခင္တုံတရားေတြနဲ႕ျပည့္စုံပါေစ လို႔

ဆုေတာင္းပါတယ္။

(၅)တစ္ကိုယ္ေကာင္းဆန္လြန္းသူေတြနဲ႕

ေဝးပါေစလို႔ဆုေတာင္းမဲ့အစား

ကိုယ္နဲ႕ဆုံဆည္းသမွ်လူတိုင္း

သူ႕ဖို႔ကိုယ့္ဖို႔ၾကည့္တတ္သူေတြသာျဖစ္ပါေစ လို႔ဆုေတာင္းပါတယ္။

              

ဘာျဖစ္လို႔လဲဆိုေတာ့

ကိုယ္နဲ႕ဆုံဆည္းရတဲ့လူတိုင္းအတြက္လည္း ဆုေတာင္းၿပီးသား

ျဖစ္သြားလို႔ပါ၊ 🙏🙏🙏


ေမတၱာျဖင့္

Credit: ဓမၼ group - original uploader စာစုမွ idea ရယူပါသည္၊




Comments